G.talk မှာ Invisible နဲ့ ပုန်းချက်နေတဲ့သူ သိအောင်လုပ်နည်း
G.talk မှာ Invisible နဲ့ ပုန်းချက်နေတဲ့သူ သိအောင်လုပ်နည်း
ဒီလိုချက်တာ ကိုသဘောလောက်သိအောင်ကျွန်တော်ပြောချင်တာပါ တစ်ချို့ကျတော့
မအားလို့ အလုပ်ကိစ္စတွေကြောင့်
သူငယ်ချင်းတွေကိုပြန်မပြောနိုင်တဲ့သူတွေရှိပါတယ်
သူတို့ကိုပြန်လည်နားလည်ပေးစေချင်ပါတယ် ။
အရင်ဦးဆုံးကိုယ်သိချင်တဲ့ သူအကောင့် Offline
ကိုပုံမှန်ချက်သလိုပဲဖွင့်လိုက်ပါ ပြီးရင် အပေါ်နားလေးက Send voicemail
ရှိမယ် သူ့ဘေးမှာ Call ရှိမယ် Call ဘေးကမှ
အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကလေးတစ်ခုတွေ့လိမ့်မယ် အဲဒီခလုပ်ကိုကလစ်လိုက်ပါ။
အပေါ်ဆုံးမှာ Emails ဆိုပြီးတော့ရှိတယ် သူ့အောက်က Go off the record ဆိုတာလေးကို ကလစ်ပြီး အရင်ကချက်သလို စာတစ်ခုခု ရိုက်ထည့်ကြည့်လိုက်ပါ ။
တစ်ကယ်လို့ သူ Invisible နဲ့ ပုန်းချက်နေတာမဟုတ်ခဲ့ရင် ,,,,,,,,,,,@gmail.com is offline and can’t receive messages right now. လို့ပြပါလိမ့်မယ် ဒါဆိုရင် သူတစ်ကယ် Offline ပါ ။
အဲလိုမဟုတ်ပဲနဲ့ ဘာစာမှ တက်မလာဘူးဆိုရင် သူပုန်းချက်နေတာပါ ။
Invisible နဲ့ရှိမရှိ စမ်းပြီးပြီဆိုရင်တော့ ခုနက အောက်ဘက်ညွှန်ပြနေတဲ့
ခလုပ်ကလေးကနေ “Stop chatting off the record” ဆိုတာလေးကို
ပြန်ကလစ်ပေးလိုက်ပါအုံး ဒါမှ သူနဲ့ နောက်ချက်ထားတာတွေ ပြန်ကြည့်လို့ရမှာပါ
။
“Stop chatting off the record” လုပ်ထားလို့ရှိရင် ကိုယ်နဲ့ သူနဲ့
ချက်ထားတာတွေကို သူ့မေလ်းမှာရော ကိုယ့်မေးလ်မှာပါ သိမ်းထားခြင်းမရှိပါဘူး
၊ တစ်ကယ်လို့ ကိုယ်ပြောတာတွေကို သူများဆီမှာ သိမ်းမထားစေချင်ရင် “Stop
chatting off the record” လုပ်ထားလိုက်ယုံပါ ။

